အိန္ဒိယနယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံသုံးဦးဒဏ်ရာရ
RFA Burmese
2023.03.14
2023.03.14

ချင်းပြည်နယ် တီးတိန်မြို့နယ် အိန္ဒိယ- မြန်မာနယ်စပ်က ဟိုင်မွလ်ရွာအနီးမှာ မတ်လ ၁၃ ရက်မနက်ပိုင်းမှာ မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တာကြောင့် အရပ်သားသုံးဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်ကယ်နဲ့ခရီးသွားတဲ့ အသက် ၂၀နှစ် အရွယ်အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး နဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့တာလို့ဆိုပါတယ်။
ဒီလူငယ်သုံးဦးက ရိခေါဒါရ်မြို့၊ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး လွန်မွလ်ရွာမှာ ပြုလုပ်မယ့် သတ္တမနေ့အသင်းတော် အစည်းအဝေးတက်ဖို့ အသွား ဟိုင်မွလ်ရွာအနီးမှာ မိုင်းနင်းမိတာပါ။
အသက်၂၀ အရွယ် အမျိုးသမီးဟာ ဘယ်ဘက်ခြေချောင်းသုံးချောင်း ပြတ်သွားသလို နံရိုးနဲ့ရင်အုံမှာ ဒဏ်ရာရရှိခဲ့ပြီး နားစည်ကွဲသွားတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“သူတို့က ဆိုင်ကယ်နှစ်စီးနဲ့ လေးယောက်သွားကြတာ။ သုံးဦးက ထိတာ။ လူငယ် မိန်းကလေးကတော့ ဒဏ်ရာ ပြင်းထန်တယ်။ နားက မကြားရတော့ဘူး။ ၁၇ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်က ပခုံးမှာ ဒဏ်ရာရသွားတယ်။ အသက် ၂၀ အရွယ် ကောင်လေးကတော့ ဒဏ်ရာပြင်းထန်တယ် ”
မိုင်းစထိမှန်တဲ့ လူငယ်သုံးဦးဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာမှာ ဆေးကုမှုခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမြေမြှုပ်မိုင်းကို Mountain Eagle Defence Force (MEDF) က ထောင်ထားတာဖြစ်ပြီး ဒီလမ်းတွေကို ဒေသခံတွေမသွားလာဖို့ သတိပေးတားမြစ်ထားတယ်လို့ MEDF အဖွဲ့က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက တီးတိန်မြို့နယ်၊ ဟိုင်မွလ်ရွာမှာ စစ်ကောင်စီတပ်နဲ့ MEDFတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရသူ ၂၀ ဦးရှိခဲ့ပါတယ်။