မြန်မာစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်ဖို့ အမေရိကန်နဲ့ မိတ်ဖက်တွေ ဆွေးနွေး

RFA Burmese
2023.05.24
မြန်မာစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်ဖို့ အမေရိကန်နဲ့ မိတ်ဖက်တွေ ဆွေးနွေး ၂ဝ၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၈ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားတက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
AFP

မြန်မာစစ်ကောင်စီ ပူးပေါင်းဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ အီးယူ (ဥရောပသမဂ္ဂ)အဖွဲ့ဝင်နိုင်ငံတွေ မေလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မယ့် နောက်ထပ်နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိတယ်။

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားနေတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်အောင်လုပ်ဖို့၊ တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင်ဖိအားပေးဖို့ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုအချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ စစ်ခေါင်းဆောင်အပါအဝင် လူပေါင်း ၈ဝ ကျော် နဲ့ စစ်တပ်နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်း ၄ဝ နီးပါးကို ပိတ်ဆို့အရေးယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။