မြစ်ဆုံကိစ္စ ရေငုံနှုတ်ပိတ်နေဖို့ ကုမ္ပဏီက လာဘ်ထိုးဖို့ ကြိုးစားခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်ပြော

2019-01-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူ ကို ၂၀၁၉၊ ဇန်နဝါရီ ၂၆ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူ ကို ၂၀၁၉၊ ဇန်နဝါရီ ၂၆ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

မြစ်ဆုံစီမံကိန်း ကိစ္စတွေမှာ ပါဝင်မဆွေးနွေးဘဲ ရေငုံနှုတ်ပိတ်နေဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူကို China Power Investment (CPI) ကုမ္ပဏီက လာဘ်ငွေပေးဖို့ ကြိုးစားခဲ့ကြောင်း ဦးဂျေယောဝူက ဒီနေ့ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့ Real Link ဟိုတယ်မှာ ဦးဂျေယောဝူက မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းကို ရပ်နားထားဖို့ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က မညွှန်ကြားခင်မှာ CPI ကုမ္ပဏီက သူ့ဆီလာပြီး Bank Account တွေတောင်းပြီး ငွေပေးဖို့ ကြိုးစားခဲ့ပေမယ့် ငြင်းဆိုခဲ့တယ်လို့ ဦးဂျေယောဝူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး CPI ကုမ္ပဏီကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဦးဂျေယောဝူဟာ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို တင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့