ပြည်တွင်းပြည်ပ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ လေ့လာသုံးသပ် အကြံပြုနိုင်ဖို့အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးသောင်းထွန်း ကို နိုင်ငံတော်သမ္မတက တာဝန်ပေးခန့်အပ်လိုက်ပါတယ်။
ဦးသောင်းထွန်းဟာ ၁၉၇၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ထိပ်တန်း မြန်မာသံတမန်တစ်ဦးအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ သံတမန်ဝန်ထမ်းအဖြစ် အမေရိကန်ုနိုင်ငံ နယူးယောက်၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ၊ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်နဲ့ အီးယူဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ Myanmar Development Research Institute MDRI ရဲ့ အမှုဆောင် ဒါရိုက်တာ အဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သလို လက်ရှိမှာ Shell Myanmar Energy ကုမ္ပဏီရဲ့ အစိုးရဆက်ဆံရေး အကြံပေးအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။
သူဟာ ရန်ကုန်တက္ကသိုလ်ကနေ သိပ္ပံဘွဲ့နဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ပြင်သစ်ဘာသာ Diploma ဘွဲ့၊ အမေရိကန်နိုင်ငံ Johns Hopkins တက္ကသိုလ်ကနေ နိုင်ငံတကာဆက်ဆံရေး မဟာဘွဲ့ကို ရရှိခဲ့သူလို့ သိရပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကို အခုလိုခန့်အပ်တာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။