NLD ဝန်ကြီး သူရဦးအောင်ကို ပြန်လည်လွတ်မြောက်လာ
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.01.03
2023.01.03

Photo: RFA
ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတဲ့ NLD အစိုးရ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဟာ မနေ့ညပိုင်းက အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ RFA ရဲ့ သတင်းရင်းမြစ်က အတည်ပြုပြောပါတယ်။
မနေ့က ညပိုင်းမှာ စစ်ကောင်စီလက်အောက်ခံရဲတွေက နေအိမ်ထိ ပြန်ပို့သွားတာလို့ ဆိုပါတယ်။
ဒီကနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ ဖမ်းဆီးခံထားရသူတချို့ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာနဲ့ လွှတ်ပေးဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။
သူရဦးအောင်ကိုလို နောက်ထပ်ဘယ်သူတွေ လွတ်လာလဲဆိုတာ RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။
သူရဦးအောင်ကိုဟာ သူ့ရဲ့အသက် ၇၅ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဒီကနေ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ပြန်လွတ်လာတာလည်းဖြစ်ပါတယ်။