မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံမည်

2019-02-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
UWSA , NDAA , SSPP , KIO , AA , TNLA , MNDAA ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နေပြည်တော်မှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်
UWSA , NDAA , SSPP , KIO , AA , TNLA , MNDAA ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နေပြည်တော်မှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: Hla Maung Shwe - facebook

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲက KIA၊ TNLA၊ MNDAA နဲ့ AA အဖွဲ့တို့ လာမယ့် သီတင်းပတ်အတွင်း ပြည်တွင်းတစ်နေရာမှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ KIA အဖွဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်းအောင်က ဒီကနေ့ RFA ကို ပြောပါတယ်။

အရင်က KIA နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပွဲကို ကျန် ၃ ဖွဲ့က လေ့လာသူအနေနဲ့သာ တက်ရောက်ဖို့ စီစဉ်ခဲ့ပေမယ့် အခုအချိန်မှာ ၄ ဖွဲ့စလုံးနဲ့ တွေ့ဆုံမှာလို့ ဦးဆန်းအောင်က အတည်ပြုပြောပါတယ်။

တွေ့ဆုံမယ့်နေရာကိုတော့ အစိုးရဖက်က မြန်မာပြည်တွင်းတစ်နေရာမှာ ကျင်းပဖို့ အဆိုပြုထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သဘောတူထားပေမယ့် နေရာအတိအကျအကိုတော့ အတည်မပြုရသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KIO ခေါင်းဆောင်တွေ ရဲ့ အလွတ်သဘောတွေ့ဆုံပွဲမှာ ဒီဖေဖော်ဝါရီလအတွင်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ပူးပေါင်းတွေ့ဆုံလိုတယ်လို့ KIO ဖက်က တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့