ဆန္ဒပြတောင်းဆိုပွဲကို ခွင့်မပြု

2018-03-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြပွဲတစ်ခုကို တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြပွဲတစ်ခုကို တွေ့ရစဉ်
Photo: RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် "စစ်မှန်ဒီမိုဥပဒေပြုဖို့ ၂၀၀၈ ခြေဥပြောင်းလဲပစ်စို့" ဆိုတဲ့ခေါင်စဉ်နဲ့  Freedom Fighter အဖွဲ့ကဦးဆောင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြ တောင်းဆိုဖို့ ကြိုတင် အကြောင်းကြားစာပေးပို့ခဲ့ပေမယ့် ကျောက်တံတားမြို့နယ်ရဲစခန်းက ငြင်းပယ်လိုက်ပါတယ်။

ရန်ကုန် မြို့တော်ခန်းမရှေ့ကနေ မဟာဗန္ဓုလလမ်း ၊ ပန်းဆိုးတန်းလမ်ကုန်သည်လမ်းအတိုင်း ချီတက်ပြီး မြို့တော်ခန်းမရှေ့ကို ပြန်လည်ရောက်ရှိမယ့် ဆန္ဒပြပွဲ အစီအစဉ်ကို ကျောက်တံတားမြို့နယ်ရဲစခန်းက ခွင့်မပြုဘူးလို့ Freedom Fighter အဖွဲ့က ဦးဝင်းဦးကပြောပါတယ်။

"အဲတာကတော့ ညီလေးရယ် မလုပ်သင့်တဲ့အရာပေါ့၊ ဘယ်ဆန္ဒပြပွဲမဆိုဟုတ်လား သူများခွင့်ပြုရင် လည်း တို့ကိုလည်း ခွင့်ပြုသင့်တာပေါ့၊ သူများကျတော့မြို့ထဲခွင့်ပြုပြီး ကျနော်တို့ကျတော့ မြို့ထဲမဟုတ်ရင် ခွင့်ပြုပါတယ်ဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ၊ ဒါပေမဲ့ သူတောင်မြို့ထဲခွင့်ပြုရင် အကိုတို့ကိုလည်းမြို့ထဲ ခွင့်ပြုရမှာပေါ့၊ အကိုတို့က တိုင်းပြည်ဖျက်တဲ့အလုပ်မှ မဟုတ်တာပဲ၊ ပြည်သူ့ဆန္ဒကိုထုတ်ဖော်တာပဲ"

အဲဒီ ကျောက်တံတားမြို့နယ် ရဲစခန်းက အကြောင်းပြန်စာထဲမှာ ကျောက်တံတားမြို့နယ်ဟာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေရဲ့ လမ်းကြောင်းရှိတာ၊ အများပြည်သူအသုံးပြုနေတဲ့ လမ်းမကြီးရှိတာနဲ့ မဟာသင်္ကြန်မြို့တော် မဏ္ဍပ် ဆောက်လုပ်နေတာတွေရှိတာကြောင့် အများပြည်သူတွေ ခရီးသွားလာမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အတွက် ခွင့်မပြုရတာလို့ ပါရှိပါတယ်။

အခုလို ၂၀၀၈ ဖွဲ့စည်းပုံကို ဆန္ဒပြတာကို ခွင့်မပြုပေမယ့် ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က  "ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ" ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အရပ်ဖက်အဖွဲ့အစည်းတွေက ရန်ကုန် မြို့ လမ်းမတော်မြို့နယ် သခင်မြပန်းခြံကနေ မြို့တော်ခန်းမရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြတာကိုတော့ ခွင့်ပြုမိန့်ပေးခဲ့ ပါတယ်။

ဒီလို တားမြစ်ချက်တွေရှိပေမယ့် ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ  ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်လှုပ်ရှားနေ တဲ့ Freedom Fighter အဖွဲ့ကတော့ ရန်ကုန်မြို့က ဟစ်တိုင်ကွင်းမှာ ပြောင်းလဲဆန္ဒပြသွားဖို့ရှိတယ်လို့ ပြော ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့