အိုအိုင်စီအဖွဲ့ အစည်းအဝေးကို ဆန္ဒပြ


2017.01.19
oic-protest-620.jpg OIC အဖွဲ့ဝင် နိုင်ငံတွေရဲ့အစည်းအဝေးကို ကန့်ကွက်ကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့က နိုင်ငံရေးသိပ္ပံကျောင်းသူဟောင်း မမြတ်ဆုမွန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်စဉ်
Photo: Thant Zin Oo/RFA

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံမှာပြုလုပ်တဲ့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ဝင် နိုင်ငံတွေရဲ့အစည်းအဝေးကို ကန့်ကွက်ကြောင်းနဲ့ မြန်မာနိုင်ငံကို ဖိအားပေးခြင်းကို ကန့်ကွက်ရှုတ် ချကြောင်း အမျိုးသားရေး လှုပ်ရှားသူ နိုင်ငံရေးသိပ္ပံကျောင်းသူဟောင်း မမြတ်ဆုမွန် က ဒီကနေ့ ရန်ကုန်မြို့မှာ တစ်ကိုယ်တော် ဆန္ဒပြပါတယ်။

OIC အစည်းအဝးမှာ မြန်မာနိုင်ငံကိစ္စဆွေးနွေးတာဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်တဲ့ အတွက် အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ မမြတ်ဆုမွန် က ပြောပါတယ်။

"ကျမတို့ နိုင်ငံရဲ့အရေးကို OIC ၅၇ နိုင်ငံပူးပေါင်းပြီးတော့ မလေးရှားနိုင်ငံမှာ အစည်းအဝေးလုပ်ပါတယ်၊ ကျမတို့ရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးစော်ကားခြင်းဖြစ်ပါတယ်၊ အဲဒါမကျေနပ်လို့ ကျမဆန္ဒဖော် ထုတ်တာပါ"

အခုလို တစ်ကိုတော်ဆန္ဒထုတ်ဖော်မှုက အကျိုးသက်ရောက်မှုမရှိရင် အဖွဲ့လိုက်ပါ ထပ်လုပ်သွားဖို့ရှိတယ်လို့လည်း မမြတ်ဆုမွန် က ပြောခဲ့ပါတယ်။

မမြတ်ဆုမွန်ဟာ ရန်ကုန်တက္ကသိုလ်ရှေ့ကနေ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ မလေးရှားသံရုံးအထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြတာဖြစ်ပြီး သူ့ကို အမျိုးသားရေးလှုပ်ရှားသူအချို့က ဝန်းရံခဲ့ပါတယ်။

အဲဒီလို ဆန္ဒပြတဲ့အပြင် မြန်မာနိုင်ငံက တိုင်းရင်းသား ၁၃၅ မျိုးရဲ့ အခွင့်အရေးကိုလိုက်နာဖို့၊ နိုင်ငံရေးအချုပ်အခြာ အာဏာကို လိုက်နာဖို့နဲ့ မြန်မာနိုင်ငံရဲ့အရေးကိစ္စကို အခြားနိုင်ငံမှာ အစည်းအဝေးလုပ်တာကို ကန့်ကွက်ကြောင်း စတာတွေပါဝင်တဲ့ စာတစ်စောင်ကို မလေးရှားသံရုံးကို ပေးပို့ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။