မြန်မာအစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ရေနံနဲ့ ဓါတ်ငွေ့လုပ်ကွက်တွေကို လာမယ့်နှစ် ပထမ ၆ လအတွင်း လေလံပစ်မယ်လို့ မနေ့က သတင်းရပါတယ်။ အဲဒီလေလံပွဲမှာ ကုန်းတွင်းလုပ်ကွက် ၁၈ ခုနဲ့ ကမ်းလွန်လုပ်ကွက် ၁၃ ကွက်ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးဆိုင်ရာ နောက်ဆုံးလေလံပွဲကို ၂ဝ၁၄ ခုနှစ်က ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ အားတက်စရာသတင်းအဖြစ် ပြင်သစ် တိုတယ် စွမ်းအင်ကုမ္ပဏီက ပုသိမ်မြို့ကနေ ကီလိုမီတာ ၁ဝဝ အကွာမှာ ရှိတဲ့ ရွှွေရည်ထွန်း ကမ်းလွန်လုပ်ကွက်ကနေ သဘာဝဓါတ်ငွေ့ အမြောက်အမြားကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထုတ်ယူရရှိနိုင်မယ့် ဓါတ်ငွေ့ပမာဏကို အတိအကျဆုံးဖြတ်နိုင်ဖို့အတွက် စမ်းသပ်မှုတွေ ထပ်မံ ပြုလုပ်ရဦးမယ်လို့ ဆိုပါတယ်။