ကချင်မြေပြိုမှုအပြီး ဒုက္ခရောက်နေသူတွေကို ကူညီဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

RFA Burmese
2025.01.16
ကချင်မြေပြိုမှုအပြီး ဒုက္ခရောက်နေသူတွေကို ကူညီဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ဗာတီကန်ရှိ Paul VI ခန်းမတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တွေ့ရစဉ်။
Filippo MONTEFORTE / AFP

ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေးဧရိယာမှာ မြေပြိုမှုဒဏ် ခံစားခဲ့ရသူတွေကို အကူအညီပေးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်ကြောင်း The Vatican News က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဖော်ပြပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စပေါ့ရွာက ကျောက်စိမ်းတွင်းဟောင်း နွံကန်ပေါက်ကျတဲ့အတွက် လူအသေအပျောက်များခဲ့တဲ့ ဖြစ်ရပ်ကို ညွှန်းဆိုပြောကြားခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးက ဒီအဖြစ်ဆိုးကြောင့် ထိခိုက်ခံစားရသူတွေနဲ့ နီးနီးကပ်ကပ်ရှိနေပြီး အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဆုတောင်းပေးနေတယ်လို့ ဆိုပါတယ်။

နွံကန်ပေါက်ကျမှုမှာ စပေါ့ရွာက နေအိမ် ၅၇ လုံးလည်း ရွံ့နွံထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ်။ ဇန်နဝါရီလ ၁၅ ရက် ညနေပိုင်းအထိ သေဆုံးသူ ၃၂ ဦးအထိ ရှိနေပြီး ပျောက်ဆုံးနေသူတွေလည်း ဆက်ရှိနေပါတယ်။

ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး ဧရိယာတွေမှာ မြေစာပုံနဲ့ နွံကန်ပြိုကျမှု ဖြစ်ရပ်တွေကြောင့် လူသေဆုံးမှုတွေ မကြာခဏ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။