နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဝတ်ပြုဆုတောင်း
2012.03.22
၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူနှင့် သံဃာတော်များ မန္တလေး မဟာမြတ်မုနိဘုရား၌ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေစဉ်။
RFA
အခုလို ဝတ်ပြုဆုတောင်းတဲ့ လှုပ်ရှားမှုကို လုပ်သွားမယ်လို့ အရှင်ဝီရသူက မနေ့တုန်းကတည်းက ကြေညာထားခဲ့တာပါ။ ဒီကနေ့ မနက်ပိုင်းမှာတော့ အာဏာပိုင်တွေက သူ့ဆီကို စာပေးပို့ တားမြစ်ခဲ့ကြောင်း အရှင်ဝီရသူက RFA ကို မိန့်ပါတယ်။
ဒီဝတ်ပြုဆုတောင်းပွဲကို သံဃာတော် အင်အား ၂၀၀ ကျော်အပါအဝင်၊ လူပရိသတ် စုစုပေါင်း ၅၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ မိန့်ပါတယ်။ ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ်လုံခြုံရေး ၅၀ လောက်က ဓါတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်တာကလွဲပြီး တခြားအနှောင့်အယှက် မရှိဘူးလို့ဆိုပါတယ်။
ဒီဆုတောင်းပွဲနဲ့ ပတ်သက်ပြီး အရှင်ဝီရသူကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









