လက်ပန်းတောင်းအရေး ဆန္ဒပြသူ ၆ ဦးကို ဖမ်းဆီးတရားစွဲ

နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့လယ်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပစ်ရေးအတွက် တောင်းဆို ဆန္ဒပြသူတွေထဲက ဦးဆောင်သူ ၆ ဦးကို ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တရားရုံးတင် စစ်ဆေးပြီး အင်းစိန်အကျဉ်းထောင်ကို ဒီကနေ့ ပို့လိုက်ပါတယ်။
2012-11-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုဝင်ဘာ ၂၆ ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေးအတွက် ရန်ကုန်မြို့၊ ဆူးလေဘုရား အနီးတွင် ဆန္ဒပြနေသူများကို တွေ့ရစဉ်။
နိုဝင်ဘာ ၂၆ ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေးအတွက် ရန်ကုန်မြို့၊ ဆူးလေဘုရား အနီးတွင် ဆန္ဒပြနေသူများကို တွေ့ရစဉ်။
Photo: RFA/Thiha Htun

ဆန္ဒပြသူတွေထဲက ကိုရဲလင်း ၊ ကိုဝေဠု၊ ကိုမျိုးချစ် ၊ ကိုညီညီ၊ နော်အုံးလှနဲ့ ဒေါ်ရှမ်းမတို့ကို  ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅(ခ)နှစ်ခုနဲ့ တရားစွဲဆိုလိုက်ပြီး အင်းစိန်အကျဉ်းထောင်ကို ခေါ်သွားတာဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုမိုးသွေးက RFA ကို ပြောပါတယ်။

တစ်ချိန်တည်းမှာလည်း နောက်ထပ် ၄ ဦးဖြစ်တဲ့ ကိုဟန်ဝင်းအောင်၊ ကိုအောင်နိင်သူ ၊ ကိုမိုးသွေး ၊ ကိုသီဟဝင်းတင် တို့ကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် ၁ဝ နာရီလောက်က စတင်ဖမ်းဆီးခံရစဉ်က ကိုဝေဠု ကို RFA က အဆက်အသွယ်ရခဲ့ပါတယ်။ အဲဒီအချိန်က သူပြောတာက သူ့အနေနဲ့ ပုဒ်မ ၁၈ နဲ့သာ အခေါ်ခံရတာဖြစ်တဲ့အတွက် နေ့ချင်းဖြေရှင်းနိုင်ပြီး ပြန်လည် လွတ်မြောက်လာဖို့ မျှော်လင့်ကြောင်း အခုလို ပြောခဲ့ပါတယ်။

"ပုဒ်မ ၁၈ ဆိုတာ ကိုယ်ပိုင်ခံဝန်နဲ့ တရားရုံးကို ရင်ဆိုင်ခွင့်ရှိပါတယ်။အရင့်အရင် ပုဒ်မ ၁၈ နဲ့စွဲဆိုခဲ့တဲ့ အမှုတွေကိုလည်း ကိုယ်ပိုင်ခံဝန်နဲ့ တရားရင်ဆိုင်နေပါတယ်။ အခုလည်း ကိုယ်ပိုင်ခံဝန်နဲ့ တရားရင်ဆိုင်ခွင့်ရှိမယ်လို့ ထင်ပါတယ်"

ကျောက်တံတားရဲစခန်းနဲ့ ပန်းဘဲတန်း ရဲစခန်းတွေကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာဖြေကြားခွင့်မရှိဘူးလို့ ပြောပါတယ်။ အင်းစိန်ထောင်ကြီးချုပ်ကို ခေါ်ဆောင်ခံရတဲ့ ဆန္ဒပြ ဦးဆောင်သူတွေကို လာမယ့်ဒီဇင်ဘာလ ၃ရက်နေ့မှာ ရုံးထုတ်မယ်လို့ သိရပါတယ်။

လက်ပန်းတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရသူ ၆ဦးနဲ့အတူ ရှိခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့