ထိုင်းစွမ်းအင်ကုမ္ပဏီ ဒေါ်လာ ၃ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည်


2014-02-25
Share
pttep-305.jpg ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က့ PTTEP ရဲ့သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေမှာ နောင်လာမယ့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးထောင့်သုံးရာ ရင်းနှီးမြုပ်နှံသွားမယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီ PTTEP က ဒီကနေ့ ပြောလိုက် ပါတယ်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပခဲ့တဲ့ PTTEP ရဲ့သတင်းစာရှင်းလင်းပွဲမှာ ကုမ္ပဏီ ဥက္ကဋ္ဌ Mr Tevin Vongvanich က အခုလို ပြောကြားခဲ့တာပါ။

“PTTEP ကုမ္ပဏီအနေနဲ့  နောက်လာမယ့် ၅ နှစ်အတွင်း အရှေ့တောင်အာရှမှာ ရှင်းနှီးမြုပ်နှံဖို့ ၂၂ ရာခိုင်နှုန်း ရှိတဲ့အထဲက မြန်မာနိုင်ငံမှာတင် ၂၀ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံမှာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်ပြောရရင် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီလျံဖြစ်ပါတယ်”

PTTEP ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားတဲ့ ဇောတိက လုပ်ကွက်ကနေ တစ်ရက်ကို သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၃၀၀ ကျော် ထွက်ရှိနေသလို အခြားလုပ်ကွက် ၇ ခုလည်း လုပ်ကိုင်ခွင့်ရရှိထားပြီးဖြစ်တယ်လို့ PTTEP ကုမ္ပဏီကပြောပါတယ်။  ဒါ့ပြင် ကုမ္ပဏီဟာ စီမံကိန်းဒေသမှာရှိတဲ့ ဒေသခံတွေအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃ သန်းကျော် အသုံးပြုခဲ့တယ်လို့လည်း ပြောပါတယ်။

PTTEP ဟာ ပြင်သစ်နိုင်ငံက Total ၊ မလေးရှားက Petronas ကုမ္ပဏီတွေနဲ့ တနင်္သာရီတိုင်း၊ ကန်ဘောက်ဒေသမှာရှိတဲ့ ရတနာနဲ့ ရဲတံခွန် ရေနံနဲ့သဘာဝဓာတ်ငွေ့ စီမံကိန်းတွေမှာ အကျိုးတူပူးပေါင်း လုပ်ဆောင်နေတယ်လို့ PTTEP ကုမ္ပဏီက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တနင်္သာရီတိုင်း ကန်ဘောက်ဒေသခံတွေဟာ PTTEP၊ Total နဲ့ Petronas ကုမ္ပဏီတွေ အသုံးပြုနေတဲ့ ရွာချင်းဆက်လမ်းကို ကတ္တရာခင်းပေးဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့