‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ်

`လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`မေးဖြေခန်း ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်မှာတော့ ကိုမောင်ကျော် (ကနေဒါ)၊ ကိုရွှေသွေး (နော်ဝေ)၊ ကိုမျိုးသိန်း (ဗြိတိန်)၊ Ms. Janelle Saffin (သြစတြေလျား)၊ ဒေါက်တာ တင်မိုးသူ (အမေရိကန်)၊ ကိုမျိုးမင်းအောင် (ထိုင်းမြန်မာနယ်စပ်) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
2010-12-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကမ္ဘာ့ အေ့ဒ်စ်ရောဂါနေ့ ဖြစ်သော ဒီဇင်ဘာ ၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) ကို HIV ဗိုင်းရပ်စ်ပိုး ကူးစက်ထားသော ကလေးသူငယ်များနှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ကမ္ဘာ့ အေ့ဒ်စ်ရောဂါနေ့ ဖြစ်သော ဒီဇင်ဘာ ၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) ကို HIV ဗိုင်းရပ်စ်ပိုး ကူးစက်ထားသော ကလေးသူငယ်များနှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃)
အသံဖိုင်ယူရန်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ်

နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၂၆)

အသံဖိုင်ယူရန်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။

ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။

မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။

အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။

မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။

အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့