အဲဒီတွေ့ဆုံဆွေးနွေးရာမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီတွေက ကိုယ်စားလှယ် စုစုပေါင်း ၈ ဦးနဲ့ ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရာမှာပါဝင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)က ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို ပြောပါတယ်။
" အဓိကကတော့ လူ့အခွင့်အရေးကိစ္စရယ်၊ လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံသားဖြစ်ခြင်းတွေရယ် ရည်ရှည်မှာ ဒီလူမျိုးစုနှစ်ခု သဟစာတဖြစ်စွာနေနိုင်အောင် ဆွေးနွေးမှုတွေပြုလုပ်ဖို့ဆိုတဲ့ ကိစ္စတွေပါပဲ"
ဗြိတိန်သံအဖွဲ့အနေနဲ့ ဒီဆွေးနွေးချက်တွေထဲက ရလဒ်တွေကို ဗြိတိန်နိုင်ငံမှာ ကျင်းပမယ့် ပါလီမန်မှာ ထည့်သွင်းဆွေးနွေးသွားဖို့အတွက် ဒေသတွင်းက နိုင်ငံရေးပါတီတွေနဲ့ အခုလိုတွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က တွေ့ဆုံမေးမြန်းထားတာကိုလည်း အပြည့်အစုံနားဆင်နိုင်ပါတယ်။
0:00 / 0:00