ပြည်တွင်း ပြည်ပမှာရှိတဲ့ ရခိုင်လူမျိုး အင်အားစုအားလုံး ပါဝင်တဲ့ ရခိုင်အမျိုးသား ညီလာခံကို လာမယ့် ဧပြီလနောက်ဆုံးပတ်၂၇ ရက်ကနေ မေလ ၁ ရက်နေ့ အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ၅ ရက် ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ ညီလာခံဖြစ်မြောက်ရေး ကော် မတီဝင်တွေက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဓညဝတီကျောင်း တိုက်မှာ ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေးရုံးဖွင့်ပွဲနဲ့ ရခိုင်အမျိုးသား ညီလာခံကျင်းပရေး သတင်းစာ ရှင်းလင်းပွဲမှာ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ပြောပါတယ်။
"လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည် ညီညွှတ်မှုမရှိရင် လုံးဝမတိုးတက်ဘူး၊ တွေ့ကြုံနေ ရတဲ့ စိန်ခေါ်မှုတွေကို ညီညွှတ်ရေးနဲ့ပဲ ဖြေရှင်းရ မယ်၊ ရခိုင်လူမျိုးတွေ မညီညွှတ်ရင် စိန်ခေါ်မှုတွေကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် ဒီညီလာခံရဲ့ ရည်ရွယ်ချက်က ရခိုင်တစ်မျိုးသားလုံး ညီညွှတ်ရေး ဖြစ်ပါတယ်၊"
အဲဒီညီလာခံမှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရောက်နိုင်ခြင်း ရှိ မရှိကိုတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ၄ ကြိမ်မြောက် ရခိုင်အမျိုးသားများ တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ညီလာခံကျင်းပဖို့ ဖြစ်လာအောင် သဘောတူညီခဲ့ကြတာလို့ သိရတယ်။