ငါးရက်အတွင်း လူခြောက်ထောင်ကျော် ထွက်ပြေးရကြောင်း UNOCHA ပြော

RFA Burmese
2023.07.26
ငါးရက်အတွင်း လူခြောက်ထောင်ကျော် ထွက်ပြေးရကြောင်း UNOCHA ပြော တနင်္သာရီတိုင်းအတွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် ၂၀၂၃ ခုနှစ် ဇူလိုင်လက ဆန်ရိက္ခာသယ်နေစဉ်။
ဝသန်ဦးအတွက် ဆန်စုဗူး

ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ဇူလိုင်လ ၁၅ ရက်ကနေ့ ၂၀ ရက်နေ့အထိ ငါးရက်အတွင်း လူ ခြောက်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ သူတို့ကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မြင့်တက်နေသလို၊ အနောက်မြောက်ပိုင်းမှာ ပြင်းထန်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မကြာခဏဖြစ်ပွားနေတယ်လို့ UNOCHA က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်သူတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ဆက်လက်ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၁.၉ သန်းနီးပါးရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲက လူဦးရေ ၁.၆ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့လည်း UNOCHA က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။