ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရှ်ဆောင်ရွက်ချက် လူ့အခွင့်အရေးအဖွဲ့တင်ပြ

လူမျိုးတုံးသတ်ဖြတ်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် အပြည်ပြည်ဆိုင်ရာမှာ တရားမျှတမှုရရှိစေဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တာ၀န်ရှိပေမယ့် ရိုဟင်ဂျာတွေအတွက် ရရှိသင့်တဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ၂၀၁၈ ခုနှစ်ကစပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေ မှတ်တမ်းတွေကို သုံးသပ်မယ့် အစီအစဥ်အတွက် Fortify Rights က အကြံပြုတင်ပြတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

Fortify Rights အနေနဲ့ အကြံပြုချက် ၁၅ ချက်ကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ အဓိကအနေနဲ့ ရိုဟင်ဂျာတွေကို စစ်သွေးကြွတွေက ဘယ်လိုသတ်ဖြတ်တာ ခံနေရသလဲ၊ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ရိုဟင်ဂျာတွေကို ဥပဒေမဲ့ ဖမ်းဆီးနေတဲ့ကိစ္စ၊ ရိုဟင်ဂျာတွေရဲ့ လွတ်လပ်စွာ လှုပ်ရှားခွင့်တွေကို အာဏာပိုင်တွေက ဘယ်လိုချိုးဖောက်နေသလဲ စတဲ့အချက်တွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေ တရားမျှတမှု ရရှိရေးအတွက် ဘယ်လို အထောက်အပံမျိုးတွေ ဆောင်ရွက်ပေးနေသလဲဆိုတဲ့ အချက်တွေ သုံးသပ်တင်ပြထားပါတယ်။