ဘင်္ဂလားဒေ့ရှ်ဘက် တရားမဝင် ဝင်ရောက်တဲ့ ရိုဟင်ဂျာ ၈၁ ယောက် ဖမ်းဆီးခံရ

RFA Burmese
2024.11.11
ဘင်္ဂလားဒေ့ရှ်ဘက် တရားမဝင် ဝင်ရောက်တဲ့ ရိုဟင်ဂျာ ၈၁ ယောက် ဖမ်းဆီးခံရ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၈ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဘန်ဒါဘန်နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၈၁ ယောက်ကို ဒေသအာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း The Business Standard သတင်းမှာ မနေ့က ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်က ဝင်ပေါက်တွေမှာ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ တပ်ဖြန့်ပြီး လုံခြုံရေးအတွက် စစ်ဆင်ရေးဆောင်ရွက်ချိန် နိုဝင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေထဲမှာ ကလေး ၃၁ ယောက်နဲ့ အရွယ်ရောက်ပြီးသူ အယောက် ၅ဝ ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (‌BGB) ဆီ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

လတ်တလော ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် တရားမဝင် ဝင်ရောက်လာသူတွေကို တားဆီးနိုင်ဖို့ ကော့ဘဇားနဲ့ နိုင်ခေါင်ချာရီ နယ်စပ်တစ်လျှောက် လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။