ရိုဟင်ဂျာအရေး ဂျာမနီအထောက်အကူရဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးစား

RFA Burmese
2025.01.22
ရိုဟင်ဂျာအရေး ဂျာမနီအထောက်အကူရဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးစား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
AFP Photo

ကုလသမဂ္ဂကြီးကြပ်တဲ့အောက်ကနေ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအတွက် လုံခြုံတဲ့ ဇုန်နယ်မြေတည်ထောင်ရေးမှာ ဂျာမနီနိုင်ငံက အထောက်အကူရရှိဖို့ ဘင်္ဂလားဒေ့ရှ်က ကြိုးစားတယ်လို့ တူရကီ အေအေသတင်းက ဇန်နဝါရီ ၂၂ ရက်မှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် Muhammad Yunus မိုဟာမက်ယူနွတ်နဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz အိုလော့ဖ်ရှုဇ်တို့ ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ ပြင်ပမှာ တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်က ဂျာမနီရဲ့ ထောက်ခံအားပေးမှုရဖို့ ကြိုးစားတာပါ။

ဘင်္ဂလားဒေ့ရှ်ကို အထောက်အကူပေးမယ်လို့ ဂျာမန်ဝန်ကြီးချုပ်က ပြောကြားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် နယ်စပ်ချင်းစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာတွေ ပိုမိုရောက်ရှိလာပါတယ်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း Cox’s Bazar ခရိုင်မှာ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းရောက်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။