အရှေ့တောင်အာရှ မလက္ကာရေလက်ကြားမှာ ရုရှားနဲ့ အာဆီယံနိုင်ငံတွေရဲ့ ပထမဆုံးအကြိမ် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မနေ့က စတင်ခဲ့တယ်လို့ အင်ဒိုနီးရှားရေတပ်က ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
ပစိဖိတ်ဒေသ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်ဆိုပြီး ရေပိုင်နက်အငြင်းပွားမှု အရှိန်မြင့်နေချိန်မှာ အခုလို ရုရှားနဲ့ အာဆီယံံရေတပ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်လာတာပါ။
အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူနဲ့ ဘရူးနိုင်းလ် နိုင်ငံတွေက စစ်သင်္ဘောတွေ စစ်ရေးလေ့ကျင့်မှုမှာပါဝင်ကြပြီး ဖိလစ်ပိုင်နိုင်ငံကတော့ လေ့လာသူအဖြစ်နဲ့ပဲ ပါဝင်ပါတယ်။
ဒီရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ စနေနေ့အထိကြာမှာဖြစ်ပါတယ်။