ရုရှားနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးဆွေးနွေး

2023.07.17
ရုရှားနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးဆွေးနွေး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် (ဝဲ) နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်း (ယာ) တို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခတ်မြို့ ရုရှားကောင်စစ်ဝန်ရုံးသစ်ဖွင့်ပွဲတွင် တွေ့ဆုံ ဆွေးနွေးခဲ့စဉ်။
MOFA - Thailand

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ် ဝီနိုင်းတို့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ထုတ်ပြန် ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးအပြီး ဇူလိုင်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခတ်မြို့ ရုရှားကောင်စစ်ဝန်ရုံးသစ်ဖွင့်ပွဲအတွင်း ဝန်ကြီးနှစ်ဦး သီးသန့်တွေ့ဆုံတာ ဖြစ်ပါ တယ်။

ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေ၊ အာရှပစိဖိတ်ဒေသ၊ မြန်မာနဲ့ ယူကရိန်း အရေးတွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

မြန်မာ့အရေး ဘာတွေဆွေးနွေးခဲ့လဲဆိုတာကိုတော့ အသေးစိတ် ပြောဆိုထားတာ မရှိပါဘူး။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နေပြည်တော်ကို လျှို့ဝှက်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေနဲ့ မကိုက်ညီဘူးလို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ ဝေဖန်တာခံနေရတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးအပါအဝင် ရုရှားသံတမန်တွေ နေပြည်တော်ကို မကြာခဏ လာရောက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။