စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် ဆန္ဒပြခံရ
စစ်ကောင်စီက ဦးစီးကျင်းပတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားကို စစ်အာဏာဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
Zoom လူမှုကွန်ရက်ကို အသုံးပြုပြီး ဒီကနေ့ကျင်းပတဲ့ အဲဒီအခမ်းအနားကို စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင်လည်း တက်ရောက်ခဲ့တာပါ။
စစ်အာဏာဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက အဲဒီ zoom အစည်းအဝေးကို ဖောက်ထွင်းဝင်ရောက်ပြီး “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်” စတဲ့ကြွေးကြော်သံနဲ့ ငါးမိနစ်ကြာ ဆန္ဒပြခဲ့တာပါ။
အာဏာသိမ်းပြီးနောက် စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားတဲ့လူငယ်တွေဟာ ပုံစံမျိုးစုံနဲ့ ရရင်ရတဲ့နေရာမှာ ဆန္ဒပြနေပါတယ်။ အခုလို Zoom အစည်းအဝေးကို နည်းပညာစနစ်နဲ့ ဖောက်ထွင်းဝင်ရောက်ပြီး ဆန္ဒပြတာဟာ ပထမဆုံး ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၄ဝဝ နီးပါး အသတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။အမျိုးသမီး ၁၂၇ ဦးလည်း အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။