အရှေ့တောင်အာရှမှာ ချင်းမိုင်က လုံခြုံစိတ်ချရဆုံးမြို့အဖြစ် ဖော်ပြခံရ

RFA Burmese
2023.01.29
အရှေ့တောင်အာရှမှာ ချင်းမိုင်က လုံခြုံစိတ်ချရဆုံးမြို့အဖြစ် ဖော်ပြခံရ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တစ်နေရာ
Photo:AFP

မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ချင်းမိုင်မြို့ဟာ အရှေ့တောင်အာရှမှာ အလုံခြုံဆုံးမြို့ဖြစ်ပြီး ရန်ကုန်ကတော့ သုံးနှစ်အတွင်း ရာဇဝတ်မှု ဖြစ်ပွားနှုန်း ၆၇% ကျော် မြင့်တက်လာတယ်လို့ ၂၀၂၃ အတွက် ရာဇဝတ်မှုနဲ့လုံခြုံမှု ညွှန်းကိန်းက ဖော်ပြလိုက်ပါတယ်။

ချင်းမိုင်ဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ၃၂ နိုင်ငံမြောက် အလုံခြုံဆုံးမြို့ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူ တစ်ယောက်က ပြောတဲ့အကြောင်း မနေ့ကထုတ်တဲ့ Bangkok Post သတင်းက ဖော်ပြပါတယ်။

ကမ္ဘာတစ်ဝန်းက ၄၁၆ မြို့ကို နှိုင်းယှဉ်ဖော်ပြတာလည်း ဖြစ်ပါတယ်။

ချင်းမိုင်မှာ နေ့နေ့ညည တစ်ယောက်တည်း လမ်းလျှောက်နိုင်တယ်လို့ ညွှန်းကိန်းကဆိုပါတယ်။ ရန်ကုန်မှာ ညဘက်တစ်ယောက်တည်းလမ်းလျှောက်ရင် ၆၉ % ကျော်နဲ့ နေ့ဘက်ဆို ၄၃ % ကျော် စိတ်မချရဘူးလို့ ညွှန်းကိန်းက ဖော်ပြပါတယ်။

ဘန်ကောက်မြို့တော်ဟာ ကမ္ဘာမှာ ၁၇၀ မြောက်အလုံခြုံဆုံးဖြစ်ပြီး အရှေ့တောင်အာရှမှာ သတ္တမမြောက် အလုံခြုံဆုံး ဖြစ်ပါတယ်။

ကမ္ဘာမှာ ဗင်နီဇွဲလားနိုင်ငံ Caracas မြို့က လုံခြုံမှုအကင်းမဲ့ဆုံးမြို့ဖြစ်ပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။