မြန်မာကို ဆော်ဒီ ပြစ်တင်

2018-09-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဆော်ဒီအာရေဗီးယား နိုင်ငံခြားရေးဝန်ကြီး Adel Al-Jubeir ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က နယူးယောက်မြို့မှာ တွေ့ရစဉ်
ဆော်ဒီအာရေဗီးယား နိုင်ငံခြားရေးဝန်ကြီး Adel Al-Jubeir ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က နယူးယောက်မြို့မှာ တွေ့ရစဉ်
Photo: Angela Weiss / AFP

ကုလသမဂ္ဂမှာ မနေ့က ကျင်းပတဲ့ အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုမှာ ဆော်ဒီအာရေဗီးယား နိုင်ငံခြားရေးဝန်ကြီး Adel Al-Jubeir အဒဲလ် အယ် ဂျူးဘဲ ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို ချေမှုန်းခဲ့မှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး အဲဒီ လူနည်းစု ရိုဟင်ဂျာတွေအနေနဲ့ သူတို့တရားဝင် ရသင့်တဲ့အခွင့်အရေးတွေ ရရှိဖို့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဆက်လက်ကူညီထောက်ခံမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်ဖို့အတွက် ပိုမိုဆောင်ရွက်ကြပါလို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဆော်ဒီနိုင်ငံခြားရေး ဝန်ကြီး အဒဲလ် ဟာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ဟန့် နဲ့လည်း နယူးယောက်မြို့မှာ မနေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့