ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ SSA မြောက်ပိုင်းအဖွဲ့ ဆွေးနွေး

မြန်မာအစိုးရ နဲ့ SSA မြောက်ပိုင်း တပ်မတော်ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ နဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့ ခေါင်းဆောင်တွေ ဒီကနေ့ လားရှိုးမြို့မှာ တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရပါတယ်။

2012.10.10
SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်သားများကို ၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းတနေရာတွင် တွေ့ရစဉ်။
Photo courtesy of Shanland

ဒီကနေ့ ဆွေးနွေးပွဲဟာ ၄ နာရီလောက် ကြာမြင့်ပြီး နှစ်ဘက် ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး တိုးတက်မှုတွေ ရှိခဲ့တယ်လို့  ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလှမောင်ရွှေက အာရ်အက်ဖ်အေကို ပြောပါတယ်။

မြန်မာအစိုးရဘက်က ဝန်ကြီးဦးအောင်မင်း နဲ့ အတူ  လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းမှူး နဲ့ ပြည်ထောင်စု ဒုဝန်ကြီးတွေ၊ တိုင်းဒေသကြီး ဝန်ကြီးတွေ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ သဘောတူညီမှုတွေ တစ်စုံတစ်ရာ ရခဲ့ပေမယ့် နှစ်ဘက်  သဘောတူ လက်မှတ်ရေးထိုးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ မနက်ဖြန်မှာလည်း  မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နဲ့ SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)  ခေါင်းဆောင်တွေ ဆက်လက်ပြီး ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။