ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ စာမေးပွဲဖြေဆိုရေး အခက်အခဲမဖြစ်ဖို့အတွက် တိုက်ပွဲတွေမဖြစ်အောင် ထိန်းသိမ်းသွားမယ်လို့ SSPP က ပြောပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ သက်ဆိုင်ရာနေရပ်ကို ပြန်သွားပြီး လုပ်ငန်းခွင်မှာ အေးအေးချမ်းချမ်း လုပ်ကိုင်နိုင်ဖို့နဲ့ ကျောင်းသားတွေကို စာမေးပွဲ ကျင်းပပေးဖို့ သက်ဆိုင်ရာ ပညာရေးဌာန တာဝန်ရှိသူတွေကို စာပို့တောင်းဆိုသွားမယ်လို့ SSPP သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းစုက RFA ကို ဒီနေ့မနက်မှာ ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကျောင်းသူ၊ ကျောင်းသားတွေ စာမေးပွဲဖြေဆိုမယ့် အချိန်မှာ တိုက်ပွဲတွေမဖြစ်ဖို့ SSPP နဲ့ RCSS အဖွဲ့တွေကို စာပေးပို့တောင်းဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။