၈ လေးလုံးမှာ သေဆုံးခဲ့သူ မဝင်းမော်ဦး အတွက် အမျှဝေ


2016.05.22
winmawoo-memorial-ygn-620.jpg ကျောင်းသူ မဝင်းမော်ဦးအတွက် အမျှပေးဝေပွဲကို မေလ ၂၂ ရက်နေ့က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် နေအိမ်မှာ ကျင်းပစဉ်
Photo : Htet Arkar/RFA

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ကျောင်းသူ မဝင်းမော်ဦး အတွက် အမျှပေးဝေပွဲ နဲ့ ဂုဏ်ပြုပွဲကို မိဘတွေက ဒီကနေ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က နေအိမ်မှာ ကျင်းပခဲ့ပါတယ်။

မဝင်းမော်ဦး မှာခဲ့တဲ့အတိုင်း မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိချိန်မှာ အခုလို အမျှပေးဝေ တာဖြစ်တယ်လို့ မဝင်းမော်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်း က ပြောပါတယ်။

"၂၈ နှစ်ကာလမှာ အမျှမဝေရသေးဘူးဆိုတော့ ကိုယ်ကဘာပဲဖြစ်ဖြစ် သူ့အတွက် အမျှပေးဝေရတယ်ဆိုတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုလည်း ရောက်ပြီယူဆလို့ အန်တီတို့ ကလည်း အမျှဝေလိုက်တာပါ"

ရေစက်ချ အမျှပေးဝေပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး သမားတွေ တက်ရောက်ခဲ့ကြပါတယ်။ မဝင်းမော်ဦးဟာ မကွယ်လွန်ခင်က မြန်မာနိုင်ငံ ဒီမိုကရေစီရမှ သူ့အတွက် အမျှဝေဖို့ ပြောခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်က ရှစ်တန်းကျောင်းသူ မဝင်းမော်ဦးဟာ  ရှစ်လေးလုံး အရေးတော်ပုံမှာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ရာမှာ စစ်တပ်က ပစ်ခတ်တဲ့ သေနတ်ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။