မြန်မာ့ဒီမိုကရေစီရေး ထောက်ခံဖို့ အိန္ဒိယအစိုးရကို ဒေါ်အောင်ဆန်းစုကြည်တောင်းဆို
2010.12.07
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသော နိုဝင်ဘာ ၁၃ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တော်တွင် ဒီမိုကရေစီ လိုလားသူများ စုဝေးကာ အခမ်းအနား ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
အိန္ဒိယအစိုးရကို တိုက်တွန်း ပြောကြားချက်တွေကို ဗီဒီယိုရိုက်ကူးပြီး တဆင့်ပေးပို့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယအစိုးရကို တိုက်တွန်းပြောကြားတဲ့ အချက်တွေထဲက တခုမှာတော့ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီ အရေးအတွက် အကူအညီ ပေးစေလိုကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းအားလုံးနဲ့ အိန္ဒိယအစိုးရ အကြား ပိုမိုနီးစပ် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်ကို ဒီနေ့ အခမ်းအနား ကျင်းပပြီး အိန္ဒိယအစိုးရထံ ပေးပို့မှာ ဖြစ်တယ်လို့ ဒီနေ့ညနေ ကျင်းပမဲ့ အခမ်းအနားကို ဦးဆောင်ကျင်းပနေတဲ့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ရဲ့ သဘာပတိ အဖွဲ့ ဝင်တဦးဖြစ်တဲ့ မသင်းသင်းအောင် ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ အပါအဝင် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေအရေး အကူအညီပေးနေတာကိုလည်း အိန္ဒိယအစိုးရကို အထူး ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောခဲ့ပါတယ်။
ဒီအကြောင်း RFA ဝိုင်းတော်သား ကိုဝင်းနိုင်က အသေးစိတ် တင်ပြထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |









