တမူးမြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ဒေသခံတွေ ကြိုတင်တိမ်းရှောင်

RFA Burmese
2025.01.14
တမူးမြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ဒေသခံတွေ ကြိုတင်တိမ်းရှောင် ရဲတပ်ဖွဲ့ဝင်အချို့ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် တွေ့ရစဉ်။
မြင့်ဇော် ဓာတ်ပုံ

စစ်ကိုင်းတိုင်း တမူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ခံတစ်ထောင်ခန့် နေရပ်စွန့်ခွာသွားကြတယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပြောပါတယ်။

ဇန်နဝါရီလ ပထမပတ်ကတည်းက တန်ဖိုးကြီးပစ္စည်းတွေကို ကြိုတင်ရွှေ့ပြောင်းနေကြသလို စစ်ကောင်စီတပ်စခန်း အနီးအနားမှာ နေထိုင်ကြတဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ လုံခြံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်လာမယ်လို့ သတင်းတွေ ထွက်နေတာဆိုတော့ နေ့တိုင်းလိုလို ပိုပိုပြီးများလာတယ်။ လက်ရှိပြေးနေတဲ့ သူက တစ်ထောင်ဝန်းကျင်လောက်ရှိတယ်။ စကစ စခန်းနားမှာနေတဲ့ ဒေသခံတွေ ကြိုရှောင်ကြတယ်။ တချို့ကတော့ ပစ္စည်းတွေကို ရွှေ့ထားကြတယ်”

ဒေသခံတွေဟာ အိန္ဒိယနယ်စပ်၊ ကလေးမြို့နဲ့ တမူးမြို့နယ်က ကျေးရွာတွေဆီကို တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

တမူးဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကလည်း တမူးမြို့သိမ်းတိုက်ပွဲ မကြာခင်မှာ ဖြစ်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ချင်းပြည်နယ် တီးတိန်မြို့က ဒေသခံတွေဟာလည်း တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တာကြောင့် ဒီဇင်ဘာလကုန်ကနေ ဇန်နဝါရီလ ပထမပတ်အထိ ကြိုတင်ထွက်ပြေးတိမ်းရှောင်သူ နှစ်ထောင်ခန့် ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။