အကျဥ်းသား သုံးရာနီးပါး TNLA လွတ်ငြိမ်းပေး

RFA Burmese
2024.01.12
အကျဥ်းသား သုံးရာနီးပါး TNLA လွတ်ငြိမ်းပေး ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့အနီးရှိ သိမ်းပိုက်ထားသည့် နေရာများကို PSLF/TNLA ဗိုလ်ချုပ် တားဂျုတ်ဂျားက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က စစ်ဆေးနေစဥ်။
TNLA

အကျဥ်းထောင် အသီးသီးက အကျဥ်းသား၊ အကျဥ်းသူ ၂၉၂ ဦးကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဇန်နဝါရီ ၁၂ ရက်နေ့ ဒီနေ့မှာ လွတ်ငြိမ်း‌ခွင့် ပေးတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

၆၁ နှစ်ပြည့် တအာင်း အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပေးတာလို့ TNLA က ဆိုပါတယ်။

ထောင် တစ်လကနေ ငါးနှစ်အထိ ကျခံနေရသူ ၂၃၂ ဦး၊ ထောင်ဒဏ် ခုနစ်နှစ်ကနေ အနှစ် နှစ်ဆယ်အထိ ကျခံနေရသူ ခြောက်ဆယ်ဦးကို လွတ်ငြိမ်းခွင့် ပေးတာလို့ TNLA က ဖော်ပြပါတယ်။

ဒီထဲမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှုနဲ့ ပြစ်မှု ကျူးလွန်ထားသူတွေ ပါတယ်လို့ ရေးသားထားပါတယ်။

ဒါပေမဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေ မပါဘူးလို့ TNLA က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။