ဦးထွန်းထွန်းဟိန် အလုပ်ကြမ်းနဲ့ ထောင်လေးနှစ် အမိန့်ချခံရ

2021.12.22
ဦးထွန်းထွန်းဟိန် အလုပ်ကြမ်းနဲ့ ထောင်လေးနှစ် အမိန့်ချခံရ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ကို တွေ့ရစဉ်
Photo: RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ဟာ စစ်ကောင်စီ က ပုဒ်မ ၅၀၅ (က)၊ (ခ) အမှုတွေအတွက် ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် လေးနှစ် ချမှတ်ခံလိုက်ရပါတယ်။

သူ့ကို လားရှိုးထောင်တွင်း တရားရုံးကနေ ခုလိုအမိန့်ချလိုက်တာဖြစ်ပြီး အဲဒီအမိန့်ကို အယူခံဝင်ဖို့ရှိတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပုဒ်မ ၅၀၅ (က) အမှုက နိုင်ငံတော်ကို ဆူပူအုံကြွစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စွဲဆိုခံထားရတာဖြစ်ပြီး ပုဒ်မ ၅၀၅ (ခ) အမှုက ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်ဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရတဲ့အမှုတွေ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ အသက် ၇၂ နှစ် အရွယ် ဦးထွန်း ထွန်းဟိန်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရှမ်းပြည်မြောက်ပိုင်း နောင်ချို့မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။