ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ UEC ကန့်ကွက်ပွဲနဲ့ တပ်မတော် ထောက်ခံပွဲ

သန့်ဇင်ဦး
2021.01.30
ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ UEC ကန့်ကွက်ပွဲနဲ့ တပ်မတော် ထောက်ခံပွဲ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေ့မှာ UEC ကို ကန့်ကွက်ပြီး တပ်မတော်ကို ထောက်ခံကြောင်း ၂၀၂၁ ဇန်နဝါရီ ၃၀ရက်နေ့က ဆန္ဒပြကြစဉ်
Photo: Thant Zin Oo / RFA

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ပြီး တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲကို ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေ့မှာ သံဃာတွေနဲ့ လူအင်အား ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ကြေးသွန်းဘုရားရှေ့ကို နောက်ဆုံးစုရပ် သတ်မှတ်ပြီး လမ်းကြောင်း ၃ နေရာကနေ လမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကြေးသွန်ဘုရားရှေ့မှာ စုရုံးဟောပြောနေချိန် လမ်းသွားလမ်းလာ ပြည်သူအချို့နဲ့ အချင်းများခဲ့ကြပြီး ဆန္ဒပြသူ အချို့က ဝိုင်းဝန်းရိုက်နှက်ခဲ့လို့ လမ်းသွား ပြည်သူတစ်ယောက် ဦးခေါင်းကွဲခဲ့သလို အခြားတစ်ယောက် မှာလည်း ခေါင်းကိုအရိုက်ခံခဲ့ရပြီး ဝတ်ထားထားတဲ့ NLD ပါတီတံဆိပ်ပါ အင်္ကျီကိုလည်း ဆွဲချွတ်ခံခဲ့ရပါတယ်။

အခုလိုဆန္ဒပြပွဲတွေကို ဇန်နဝါရီလအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်နဲ့ မြို့ကြီး တချို့တို့မှာ လုပ်ခဲ့ကြပြီး ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ နေ့စဉ်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။