ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား ရခိုင်ဒေသခံများ ဆန္ဒပြကန့်ကွက်


2013.08.12
၂ဝ၁၃ ခုနှစ် သြဂုတ် ၁၂ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ကို ရောက်ရှိလာသည့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားအား ဒေသခံများက ဆန္ဒပြနေစဉ်
Photo:RFA/Min Thein Aung

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Tomas Quintana ဟာ ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက သူ့ကိုအလိုမရှိကြောင်း စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။  

အခုလို ဆန္ဒပြကြတာနဲ့ ပတ်သက်ပြီး ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက RFA ကို အခုလိုပြောပါတယ်။

"သူ့ရဲ့အစီရင်ခံစာတွေဟာ အောက်ခြေကို မရောက်ဘူး၊ ပြီးတော့ တဖက်သားစကားတွေနဲ့ အစီရင်ခံသွားတာတွေကို ကျမတို့ဖတ်ရှုလေ့လာ ရတယ်၊ အဲဒါကြောင့် ကျမတို့ အဲလိုလုပ်လိုက်ရ တာပါ"

မစ္စတာ ကင်တားနားဟာ ဒီနေ့ နေ့လည်ပိုင်းက ဘူးသီးတောင်မြို့ကို ရောက်ရှိစဉ်မှာလည်း မြို့ခံ ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ ကင်တားနားက သူ့ကို အလိုမရှိကြောင်း ဆန္ဒပြတာကို လက်ခံကြောင်း၊ သူဟာ ရခိုင်ပြည်နယ် က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် နှစ်ဘက်စလုံးက ပြောကြားချက်တွေကို နားထောင်သွားမှာ ဖြစ်တယ်လို့ စစ်တွေမြို့မှာ ဆန္ဒပြခေါင်းဆောင်တွေကို တွေ့ဆုံပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကို မနေ့ကစတင်ရောက်ရှိလာတဲ့ မစ္စတာ သောမတ် ကင်တားနားဟာ ဒီကနေ့ စစ်တွေမြို့နဲ့ ဘူးသီးတောင်မြိ့တွေကို သွားရောက်ခဲ့ပြီး ဘူးသီးတောင် အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။