စစ်ကောင်စီကို ဆက်လက် ဖိအားပေးမယ်လို့ အမေရိကန်ပြော

RFA Burmese
2024.10.11
စစ်ကောင်စီကို ဆက်လက် ဖိအားပေးမယ်လို့ အမေရိကန်ပြော လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင်ကျင်းပသော အရှေ့တောင်အာရှ ထိပ်သီးညီလာခံ အစည်းအဝေးကို တက်ရောက်သည့် အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် သံတမန် Antony Blinken အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က တွေ့ရစဥ်။
AFP

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ လာအိုနိုင်ငံကို အောက်တိုဘာ ၁၀ ရက်နေ့မှာ ရောက်ရှိလာပြီး ဗီယန်ကျင်းမြို့မှာကျင်းပမဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ အင်အားသုံး ဆောင်ရွက်မှုတွေကိုဆွေးနွေးဖို့နဲ့ မြန်မာစစ်အာဏာရှင်ကို တွန်းအားပေးဖို့ရှိတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

အရှေ့အာရှဆိုင်ရာ အမေရိကန် သံတမန် Daniel Kritenbrink ကလည်း မြန်မာနိုင်ငံအရေး အာဆီယံရဲ့ကြိုးပမ်းမှုကို အမေရိကန် ပြည်ထောင်စုက ထောက်ခံသွားမှာဖြစ်သလို မြန်မာစစ်ကောင်စီအပေါ်မှာလည်း စဥ်ဆက်မပြတ် ဖိအားပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံရေး အကျဥ်သားတွေ လွတ်မြောက်ရေးနဲ့ အကြမ်းဖက်မှုလျှော့ချရေး လုပ်ငန်းတွေမှာ စစ်ကောင်စီရဲ့ အားထုတ်မှုဟာ တိုးတက်မှုမရှိသလောက် ဖြစ်နေတယ်လို့လည်း အရှေ့အာရှဆိုင်ရာ အမေရိကန်သံတမန်က ပြောပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်တွေကို သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် စေလွှတ်တာဖြစ်ပြီး စစ်အာဏာရှင်ကို သံတမန်ရေးအရ စတင်ဆက်သွယ်တာလည်းပဲ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အာဆီယံအစည်းအဝေးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အကျပ်အတည်း အပါအဝင် တောင်တရုတ်ပင်လယ်က နိုင်ငံတကာဥပဒေ သက်ရောက်မှုဆိုင်ရာ ကိစ္စတွေနဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှုတွေကိုပါ ဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။