ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်ရေး ကြိုးပမ်းတဲ့ မြန်မာပြည်သူကို အမေရိကန် ထောက်ခံ

2021-08-24
Share
ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်ရေး ကြိုးပမ်းတဲ့ မြန်မာပြည်သူကို အမေရိကန် ထောက်ခံ အမေရိကန် ဒု-သမ္မတ Kamala Harris နဲ့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loon တို့ ၂၀၂၁ သြဂုတ် ၂၃ နေ့က သတင်းစာရှင်းလင်းစဥ်
AFP Photo
ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေတဲ့ မြန်မာလူထုကို အမေရိကန်က အခိုင်အမာ ထောက်ခံနေပါတယ်လို့ အမေရိကန် ဒု-သမ္မတ Kamala Harris က မနေ့က ပြောကြားလိုက်ပါတယ်။
 
အရှေ့တောင်အာရှ ခရီးစဉ်အတွင်း စင်ကာပူမှာပြောကြားတဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မိန့်ခွန်းမှာ အဲဒီလို ထည့်ပြောကြားသွားတာပါ။ စစ်တပ်က အာဏာသိမ်းတာကို အမေရိကန်ပြည်ထောင်စုက အလွန်အမင်း စိုးရိမ်နေပါတယ်လို့လည်း ပြောပါတယ်။
 
အကြမ်းဖက်ဖိနှိပ်မှုတွေကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်း၊ နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရေးအတွက် လုပ်ဆောင်နေကြတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုကို ထောက်ခံအားပေးဖို့ ကတိကဝတ် ပြုထားတဲ့အကြောင်း၊ ဒီလိုကြိုးပမ်းအားထုတ်ရာမှာ အင်ဒို-ပစိဖိတ် ဒေသတလွှားက နိုင်ငံတွေကပါ အတူ လက်တွဲဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့အကြောင်း ထည့်သွင်းပြောပါတယ်။
 
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက မဖြစ်မနေကူညီဖို့ လိုအပ်တယ်ဆိုတာကို စင်ကာပူဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တယ်လို့လည်း အမေရိကန် ဒု-သမ္မတ Harris က ပြောပါတယ်။
Anonymous says:
2021-08-25 02:31

Tanks and we appreciate to US for standing with democracy and Myanmar people

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့