၀န်ကြီးနှစ်ဦး နှုတ်ထွက်သွားမှုကိစ္စ ဦးရဲထွဋ် ရှင်းလင်းပြောကြား


2014.07.31
yehtut-305.jpg ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပုံ
photo: U Ye Htut Facebook

ရာထူးကအနားပေးခံရတဲ့ ပြန်ကြားရေးဝန်ကြီး  ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက် တာ ဖေသက်ခင်တို့ဟာ သမ္မတဦးသိန်းစိန်ရဲ့  တတိယအဆင့် ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အတွက်ကြောင့် နှုတ်ထွက်သွားခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးအဖြစ် အဆိုပြု ခံထားရသူ သမ္မတရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။

ပြည်ထောင်စုအဆင့် ဝန်ကြီးနှစ်ဦး ရာထူးကနေ ရုတ်တရက်နှုတ်ထွက်သွားခဲ့တဲ့အပေါ် ထွက်ပေါ်လာ တဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းစဉ်မှာ ဦးရဲထွဋ်က အခုလိုဖြေကြားခဲ့တာပါ။

"ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နဲ့ ဒေါက်တာ ဖေသက်ခင် တို့ထွက်တာက တချို့ပြောနေသလို အဂတိလိုက်စားမှုတွေ ကျန်တဲ့ကိစ္စတွေနဲ့ မဆိုင်ပါဘူး၊ အဓိကက သူတို့နှစ်ဦးကိုယ်တိုင်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းရဲ့ တတိယအဆင့်မှာ ရင်ဆိုင်နေရတဲ့ တောင်းဆိုမှုတွေ၊ လျှင်လျှင်မြန်မြန်နဲ့ ရလာဒ်ကောင်းတွေ ပေါ်ထွက်လာဖို့ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အခက်အခဲရှိတယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်မို့ သူတို့ဆန္ဒအလျောက် နှုတ် ထွက်ခွင့်ပေးဖို့ဆိုပြီးတော့ သမ္မတကြီးကိုတင်ပြတာ"

အခုလစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဒုတိယဝန်ကြီး ဒေါက်တာ သန်းအောင် ကိုခန့်အပ်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ထံ ဇူလိုင် ၂၉ ရက်နေ့က သဝဏ်လွှာပေးပို့ အဆိုပြုထားပါတယ်။

ပြန်ကြားရေးဝန်ကြီးအဖြစ် အဆိုပြုခံထားရသူ ဦးရဲထွဋ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။