မဲစာရင်း အမှားများပေမယ့် မဲပေးဖို့အရေးကြီးကြောင်း ဦးတင်ဦး ပြောကြား

2015-10-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ရွေးကောက်ပွဲ အသိပညာပေးဟောပြောပွဲအတွက် အောက်တိုဘာလ ၃ ရက်နေ့က ရောက်ရှိလာစဉ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ရွေးကောက်ပွဲ အသိပညာပေးဟောပြောပွဲအတွက် အောက်တိုဘာလ ၃ ရက်နေ့က ရောက်ရှိလာစဉ်
Photo: Kyaw Lwin Oo/RFA

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေမှာ အမှားများနေပေမယ့် လည်း ရွေးကောက်ပွဲနေ့မှာ မဲပေးကြဖို့ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့ အရှေ့ကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အသိပညာပေးဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြား လိုက်တာ ဖြစ်ပါတယ်။

"ဒီမဲစာရင်းနဲ့ပတ်သက်လို့က ဘယ်လိုပဲမှားသည်ဖြစ်စေ ထုတ်ပယ်သော်လည်းပဲ ကျနော်တို့ဟာ ကိုယ်ပေးရမယ့်မဲတစ်ခုကို ပေးနိုင်ဖို့အရေးကြီးပါတယ်၊ ပေးခွင့်ရှိရင်တော့ ပေးနိုင်ဖို့အရေးကြီးပါတယ်၊ အဲ့ဒါကြောင့်မို့လို့ အဲ့ဒါကို ပေးနိုင်ဖို့အတွက်ပဲ လုံးပမ်းဖို့ပဲ ကျနော်ဆောင်ရွက်နေရခြင်းပဲဖြစ်ပါတယ်"

လာမယ့်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလောမြို့ကနေ ဝင်ရောက်အရွေးချယ် ခံမယ့်သူတွေကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းခင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် ဦးကျော်မင်းနဲ့ ဦးကြည်လှိုင်တို့ ဖြစ်ပါတယ်။

ဒီကနေ့ ဟောပြောပွဲကို ဒေသခံပြည်သူ ၅ဝဝဝ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။ သူရဦးတင်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ရွေးကောက်ပွဲအတွက် လှည့်လည်ဟောပြောခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်ဘက်ကိုလည်း သွားရောက်ဟောပြောမှာဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

ဖွတ် ရွေးကောက်ပွဲကော်မရှင်

ဒီလောက် ဆို သဘောပေါက်ကြတော့။ ဘာမဆိုလုပ်ချင်ရာလုပ်မယ်ဆိုတဲ.သဘောဘဲ ။
မဲစာရင်းအမှားတွေ မှားလို့ ရသ လောက် မှားအောင် လုပ်တာ ပေါ်လွင်နေပါတယ်။
၂၀၁၅ရွေးကောက်ပွဲအခြေအနေကို အခု ဆင်ခြင်မိနိုင်လောက်ပါပြီ။
လက်နက်အားကိုး အနိုင့်ကျင့်တဲ့ အာဏာရှင်စနစ် မှာ
အရပ်သား အတုအယောင် ပြုပြင်ပြောင်းလဲရေး အစိုးရအဖွဲ.အစည်းက ၂၀၁၅ ရှုံးရင် အာဏာစွန်.မယ်ဆိုတာ ချင်.ယုံကြပါ ။
ဖွတ်ပါတီ ၊ တပ်မတော်၊ မျက်ကန်းမျိုးချစ်မဘသ ၊ ရွေးကောက်ပွဲကော်မရှင် တို့ ပူးပေါင်းပြီးမသမာသောနည်းမျိုးစုံကိုံသုံး နေ ပါတယ်။
သူတို.က ဆိုင်းဝိုင်းကြီးတီးခွင်.မရရင် ပတ်မကြီးထိုးဖေါက်ယုံတင်မကဘူး ၊ ဇါတ်ရုံကြီးတစ်ခုလုံးမီးလောင်တိုက်သွင်းပစ်မှာ ။

Oct 04, 2015 04:13 PM


သမ္မတ ဦးသိန်းစိန်ရဲ့ မဲစာရင်းတွေမှာ အမှားများနေတယ်ဆိုတဲ့ ရုပ်သံ မိန့်ခွန်း
http://tinypic.com/r/21cbmyx/8

Oct 04, 2015 08:28 AM

အရွင္ပညာသီဟ

နေရပ်- ဇီး ကုန္း ျမိဳ့

ဘဘတိ့ုဥဏှောက်ကိုအံ့သြတယ်။ကလိန်ကကျစ်ကို
သပိတ်မှောက်ပြီးပါတီအားလုံးရွေးကောက်ပွဲကနှုတ်ထွက်ရမှာလေ။

Oct 03, 2015 08:33 PM

အမည်မဖော်လိုသူ

ပြေးပွဲမှာ တဦးတည်းသော ပြိုင်ပွဲဝင် (ကြံ့ဖွံ)က ယခင်စံခ ျိန်ကို ခ ျိ ု းပြီး တဦးတည်း ပန်းဝင် အောင်ပွဲခံသွားမှာပေါ့။

Oct 05, 2015 04:41 PM

အမည်မဖော်လိုသူ

မဲစာရင်းမှားတာလည်း အရေးကြီးပါတယ်။
မဲပေးဖို့ကလည်း အရေးကြီးပါတယ်။
“အကွက်“ထဲဝင်အောင် (တံဆိပ်တုံး နှိပ်နိုင်ဖို့)ကလည်း အရေးကြီးပါတယ်။

Oct 03, 2015 07:59 PM

ဆိုက်တခုလုံးသို့