ကမ္ဘာ့အမျိုးသမီးရေးရာ သံအမတ် မြန်မာပြည် လာမည်


2015.05.11

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာ သံအမတ်ကြီး Catherine Russell ဟာ မြန်မာနိုင်ငံကို မေလ ၁၁ရက်က နေ ၁၉ ရက်အထိ သွားရောက်လည်ပတ် မှာ ဖြစ်ကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။

ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့အပြင်၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင် သူတွေ၊ စာနယ်ဇင်းသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူငယ်တွေ၊ နည်းပညာနယ်ပယ်က အမျိုးသမီးတွေ၊ ပြည်တွင်းမှာ နေရာပြောင်းရွှေ့ရသူတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

အဲသလိုတွေ့ဆုံရာမှာ ကျား၊ မ ခွဲခြားအနိုင်ကျင့်မှု၊ အမျိုးသမီးတွေနဲ့ စီးပွားရေး အခွင့်အလမ်း၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေရဲ့ကဏ္ဍ၊ လာမယ့်ရွေးကောက်ပွဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေး မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။