ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ် မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
မစ္စယန်ဟီးလီကို ကြိုဆိုဖို့အတွက် ဒီနေ့ကစပြီး ဒုက္ခသည်စခန်းတွေမှာ ပြင်ဆင်နေကြတယ်လို့ တန်ခါလီ ဒုက္ခသည်စခန်းက ဦးခင်မောင် က ပြောပါတယ်။
လက်ရှိ မြန်မာအစိုးရက မစ္စယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက အဲဒီဒုက္ခသည်တွေကို BhashanChar ကျွန်းကို ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အစိုးရက အတည်ပြုပြောကြားလာတာ မရှိဘူးလို့ ဦးခင်မောင် က ပြောပါတယ်။
မစ္စယန်ဟီးလီဟာ အဲဒီကျွန်းကို သွားရောက်လေ့လာမယ်ဖို့ စီစဉ်ထားတယ်လို့လည်း UN က ထုတ်ပြန်ထားပါတယ်။
၂၀၁၆ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘူး သီးတောင်-မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည် ၇ သိန်းလောက် ရှိတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။