ရန်ကုန်တိုင်း စစ်ဒေသခွဲရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ထုတ်ပြန်
2023.06.06
ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်း စစ်ဒေသခွဲက သူတို့ရဲ့ ပထမဆုံးတပ်ရင်း ၅၁ဝ၁ တပ်ဖွဲ့ဝင်တွေ တောတွင်းနဲ့ မြို့ပြ စစ်ဆင်ရေးတွေအတွက် မဟာမိတ်စစ်ကြောင်းတွေနဲ့ ပူးပေါင်းလေ့ကျင့်နေတဲ့ အခြေအနေတွေကို ဇွန်လ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD က ရန်ကုန်တိုင်း စစ်ဒေသခွဲကို ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
တိုက်ရည်ခိုက်ရည်နဲ့ အမိန့်နာခံမှု အားကောင်းတဲ့ စစ်သည်တော်တွေနဲ့ စုဖွဲ့ထားတာဖြစ်ပြီး မြို့ပြပြောက်ကျားအထူးမွမ်းမံသင်တန်းတွေကိုပါ တက်ရောက်ထားတဲ့ စစ်သည်တော်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်း စစ်ဒေသခွဲ ဖွဲ့စည်းတည်ထောင်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောရေးဆိုခွင့် ရှိသူနဲ့ စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရန်ကုန်တိုင်း စစ်ဒေသခွဲအနေနဲ့ ၂ဝ၂၁ ခုနှစ် မေလ ၅ ရက်နေ့ကနေ ၂ဝ၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ မြို့ပြစ်စစ်ဆင်ရေး နှစ်ထောင်ကျော်မှာ စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဝဝ လောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။