လယ်သမားအရေး ဆောင်ရွက်နေသူတွေ ကို ဇေကမ္ဘာကုမ္ပဏီက ထပ်မံတရားစွဲ

ဇန်နဝါရီလ ၂၄ ရက်နေ့ ကနေစတင်ပြီး အငြင်းပွား လယ်ယာမြေတွေနားမှာ ကင်းတဲတွေတည်ဆောက်ပြီး ကင်းစောင့်နေခြင်း၊ လုံခြုံရေးတဲတွေကို ဝင်ရောက် စီးနင်းထားခြင်း စတဲ့ကိစ္စရပ်တွေနဲ့ လယ်သမား အရေး ဆောင်ရွက်သူ ဦးနေမျိုးေ၀ အပါဝင် ၇ ဦး ကို ဇေကမ္ဘာကုမ္ပဏီကနေ မင်္ဂလာဒုံမြို့နယ် ရဲစခန်းနဲ့ ထောက်ကြံ့ရဲစခန်းတွေမှာ တရားမဝင် ဝင်ရောက်ကျူးကျော်နေထိုင်မှုနဲ့ အမှုဖွင့်ထားတယ် လို့ ဇေကမ္ဘာကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဦးမြင့်ဇော် က RFA ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

တရားစွဲခံထားရတဲ့ ၇ ဦးထဲက ကိုနိုင်ဝင်းထွန်း ပြောတာက ဦးနေမျိုးေ၀ အပါအဝင် အားလုံးဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ အစစ်ခံဖို့မရှိကြောင်း အကြောင်းပြန်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

လယ်သမားအရေးဆောင်ရွက်သူ ဦးနေမျိုးေ၀ ဟာ အခုအမှုအပြင် ပြီးခဲ့တဲ့ လတွေကတည်းက ဇေကမ္ဘာကုမ္ပဏီက တရားစွဲဆိုထားတဲ့အတွက် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်း သိရပါတယ်။

တရားစွဲခံရသူတွေထဲက ကိုဝင်းနိုင်ထွန်း ကို RFA ဝိုင်းတော်သား ဦးဘအောင် ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်

အသံဖိုင်ယူရန်။