ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း လာကြည့်သူနည်းပါး
2017.02.14
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ် ၁၉ နေရာက မဲပေးခွင့်ရှိသူစာရင်းတွေကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အသီးသီးက ဒီလ ၁ ရက်နေ့က စပြီး ကြေညာထားပါတယ်။
မဲစာရင်းကို လာရောက်ကြည့်ရှုသူတွေ နည်းနေတာကြောင့် မဲဆန္ဒရှင်တွေဘက်က ပြင်ဆင်၊ ဖြည့်စွက်လိုတာတွေနဲ့ ပယ်ဖျက်လိုတာတွေကို မနက်ဖြန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် မနက်ဖြန်နောက်ဆုံးနေ့မှာ လာရောက်ကြည့်ရှူ ပြင်ဆင်ကြဖို့ ကော်မရှင်အသီးသီးက တိုက်တွန်းလိုက်ပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။