0:00 / 0:00
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက ရောက်ရှိလာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေထံကနေ ငွေကောက်ခံသူ ၄ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ South China Morning Post သတင်းစာက ရေးသားပါတယ်။ အဖမ်းခံရသူတွေဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ သံသယကြောင့် ဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။