တောင်ကုတ် NLD အမတ်လောင်းသုံးဦးကို AA တပ်ဖွဲ့ဝင်တွေ ဖမ်းသွားတာလို့ လွတ်မြောက်လာသူပြော

စောဖိုးခွား
2020-10-14
Share

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့  NLD ကိုယ်စားလှယ်လောင်းသုံးဦးကို ရခိုင့်တပ်တော်  AAတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတာလို့ အခင်းဖြစ်နေရာကနေ လွတ်မြောက်လာတဲ့ NLD အောင်နိုင်ရေးဝန်းရံလှုပ်ရှားသူ ကိုသန့်ဇင်ဖြိုးက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းသုံးယောက်ကိုပဲ ဖမ်းဆီးသွားတာဖြစ်ပြီးတော့ ကိုသန့်ဇင်ဖြိုးအပါအဝင် NLD ပါတီ အောင်နိုင်ရေးအဖွဲ့ဝင် သုံးဦးကတော့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာပါတယ်။ ကိုသန့်ဇင်ဖြိုးကို RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။