တပ်သားသစ်တွေထဲမှာ အဓမ္မစုဆောင်းခံရသူ ၇၀% ခန့် ရှိတယ်လို့ ထွက်ပြေးလာသူတွေပြော
တင်အောင်ခိုင် (ဘန်ကောက်)
2023.05.05
2023.05.05
ခြေမြန်တပ်မ ၄၄၊ ၁၀၄ ခြေမြန်တပ်ရင်းက ထွက်ပြေးလာတဲ့ တပ်သားသစ်နှစ်ဦးကို သီဘောဘိုးစခန်းအနီး ကရွာတရွာက ရွာသားများက စောင့်ရှောက်ထားပြီး KNU တပ်အကူအညီနဲ့ မဲဆောက်မြို့ကို မေလ ၅ ရက်နေ့က ပို့ဆောင်ပေးခဲ့ပါတယ်။
သူတို့ပြောပြချက်အရ စစ်ကောင်စီဟာ ညမထွက်ရအမိန့်ကို ချိုးဖောက်သူတွေကို တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခဲ့ပြီး တပ်သားသစ်များအနက် ၇၀% ခန့်ဟာ ဆေးမှုနဲ့ ရာဇ၀တ်မှုကျူးလွန်သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ထွက်ပြေးလာသူနှစ်ဦးကို ပြည်သူ့ပန်းတိုင်အဖွဲ့က စောင့်ရှောက်ထားရှိပါတယ်။ ထွက်ပြေးလာသူတွေကို ဦးတင်အောင်ခိုင် ဘန်ကောက်မြို့ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။