၂၀၂၄ မှာ စစ်ကောင်စီကင်းစင် ချင်းပြည်တစ်ခွင်ဖြစ်ဖို့ ကြိုးပမ်းနေပါတယ်
2024.07.30
အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းပြီး ဒီနှစ်အတွင်း စစ်ကောင်စီကင်းစင်တဲ့ ချင်းပြည်နယ်ဖြစ်ဖို့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ ချင်းညီနောင်မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောလိုက်ပါတယ်။ ချင်းညီနောင်မဟာမိတ်အဖွဲ့ဟာ ချင်းပြည်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းထားတဲ့ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့တော့ ယုံကြည်မှု မတည်ဆောက်နိုင်လို့ ပူးပေါင်းဆောင်ရွက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်တွင်း လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား သဘောထားကွဲလွဲမှုတွေနဲ့ မြို့တွင်းတိုက်ပွဲတွေအကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ် ချင်းညီနောင်မဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဆလိုင်းယောမာန်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
__________
ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ဆလိုင်းဘွေလျန်မန်းနဲ့ RFA တွေ့ဆုံမေးမြန်းချက်ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။