ပြည်ပကပြန်လာသူတွေ၊ ကိုရိုနာသံသယကြောင့် အိမ်တွေမှာစောင့်ကြည့်ခံရသူတွေဟာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာပဲ အပြင်တွေသွားတာ၊တခြားသူတွေနဲ့တွေ့ဆုံတာတွေက အရမ်းအန္တရာယ်များ ပါတယ်။
အဲ့ဒီလူတွေမှာ ကိုရိုနာကူးစက်ခံထားရရင် ထိန်းချုပ်လို့ရနိုင်မှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်း ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။ ဒေါက်တာထွန်းမြင့်ကို RFA သတင်းထောက် မဇာဏီထွဏ်းက တွေ့ဆုံမေးမြန်းထားပါတယ်။