ထားဝယ်မှာ သေနတ်ကျည်ထိမှန်ပြီး သုံးဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ တပ်နဲ့ ရဲတပ်ဖွဲက သပိတ်စစ်ကြောင်းတွေကို ကျည်အစစ်နဲ့ အကြမ်းဖက် ဖြိုခွဲတာကြောင့် သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ နဲ့ ဖမ်းဆီးခံရသူ ၃၀ ခန့်ရှိပါတယ်။

တပ်နဲ့ ရဲဟာ ဆန္ဒပြပွဲကို ဖြိုခွဲတာမျိုးမဟုတ်ဘဲ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ အခြေအနေဖြစ်နေတယ်လို့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီနေ့ထားဝယ်ဆန္ဒပြပွဲ အခြေအနေကို သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းထားပါတယ်။