0:00 / 0:00
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဘိန်းခင်းတွေကို ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဖျက်စီးနေတဲ့ ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့ထဲက လူ ၃ ဦးဟာ မနေ့က မိုင်းတစ်လုံးပေါက်ကွဲတာကြောင့် ဒဏ်ရာရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။
ဘိန်းစိုက်ခင်းဖျက်ဆီးတဲ့အထဲမှာ ပါဝင်သူ ဝိုင်းမော်မြို့ခံ ဦးလာရစ် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က ဆက်သွယ်မေးမြန်းထားပါတယ်။